Welcome To AIT Computer

AIT Computer ရဲ့ Online Training Website ကနေ ကြိုဆိုပါတယ်။ AIT Computer ဆိုတာ မြန်မာနိုင်ငံရဲ့ e-Learning ကဏ္ဍကို အဓိက အကောင်အထည်ဖော်နေတဲ့ နည်းပညာ အဖွဲ့အစည်း ဖြစ်ပြီး အိုင်တီနည်းပညာစာအုပ် (၁၀၀) ကျော် ရေးသားထုတ်ဝေထားတဲ့ ကိုဝေဖြိုးအောင် မှ ဦးစီး ဆောင်ရွက်နေပါတယ်။ ကျွန်တော်တို့ရဲ့ www.aitonlinetraining.com Website မှာ မြန်မာလို သင်ကြားပို့ချထားတဲ့ ဗွီဒီယိုဖိုင်ပေါင်း (၁၀,၀၀၀) ကျော်နဲ့ Computer Training Course (၃၀) ကျော်ကို တစ်နေရာတည်းမှာပဲ Step By Step သင်ယူနိုင်ပါတယ်။ Website ကို Member ဝင်ထားတဲ့ မည်သူမဆို COMP001: ICT Foundation (Free Course) မှာ ဝင်ရောက် Enrol လုပ်ပြီး အခြေခံ ဗွီဒီယိုဖိုင် သင်ခန်းစာများကို အခမဲ့ Download လုပ် သင်ယူနိုင်ပါပြီ။ ကျန်တဲ့ Course တွေကိုတော့ သက်မှတ်ထားတဲ့ သင်တန်းကြေး ပေးသွင်းပြီးမှသာ ဝင်ရောက် သင်ယူနိုင်မှာ ဖြစ်ပါတယ်။

Available courses

 AIT Online Training Website ကို Member ဝင်ထားသူမှန်သမျှ အခမဲ့ တတ်ရောက်နိုင်တဲ့ COMP001: ICT Foundation Course ဖြစ်ပါတယ်။ နည်းပညာကို စိတ်ဝင်စားတဲ့ မြန်မာလူငယ်များအနေဖြင့် နည်းပညာလောကမှာ မသိမဖြစ် သိထားရမည့် အကြောင်းအရာများကို သင်ယူလေ့လာ Download ဆွဲရပါမည်။ Online Training Website တစ်ခုကို ဘယ်လို အသုံးချနည်းတွေကို အခြေခံကျကျ လေ့လာရမှာဖြစ်တဲ့အတွက် တခြား နိုင်ငံတကာက Online Training e-Learning Website တွေကိုလည်း အသုံးပြုတတ် သွားမှာဖြစ်ပါတယ်။ Online Exam ဖြေဆိုနည်း၊ Assignment တင်နည်း၊ e-Books, Video, PowerPoint, Lecture Note, Syllabus တွေကို Download ပြလုပ်နည်း၊ Wiki, Youtube, Google Search Engine ကို အသုံးပြုပြီး Information Literacy ရှာဖွေနည်းများ၊ Google Scholar ကို အသုံးပြုပြီး မိမိသင်ကြားလေ့လာနေတဲ့ ဘာသာရပ်နဲ့ပတ်သက်ပြီး ပညာရှင်များ ပြုစုထားတဲ့ Thesis များ၊ စာတမ်းများ၊ PDF ဖိုင်များ၊ မှတ်တမ်းများ၊ Research Paper များ ရယူ အသုံးပြုနည်း၊ ပြန်လည် ကိုးကား၍ Reference အသုံးချခြင်း၊ Online Marketing Tool များကို လေ့လာသင်ယူရပါမည်။ သင်တန်းပြီးဆုံးသည့်အထိ လေ့လာနိုင်ပြီး Final Exam ကို 70% ကျော်နဲ့ အောက်ပါက Certificate အသိအမှတ်ပြုလက်မှတ်ကိုလည်း ရရှိပါမည်။

သင်တန်းကြေး − 10,000 MMK

သင်တန်းကာလ − Lifetime

Download - Videos, e-Books, Software

Course ထဲဝင်ပြီး Download ရယူနိုင်ရန် ဘယ်ဘက်နားက  Enroll me ကို နှိပ်ပါ။



Computer IT နည်းပညာကို စိတ်ဝင်စားတဲ့ လူငယ်တွေ အတွက် ပထမဆုံး တက်ရောက်သင့်တဲ့ ကွန်ပျူတာ အခြေခံသင်တန်း ဖြစ်ပါတယ်။ သင်ယူ ရမည့် အကြောင်းအရာတွေက မြန်မာစာ၊ အင်္ဂလိပ်စာလက်ကွက် စာစီစာရိုက်၊ Myanmar Unicode 3 အသုံးပြုနည်း၊ ရုံးသုံးစာစီစာရိုက်မျိုးစုံ၊ အခြေခံစာရင်းဇယားများ ပြုလုပ်ခြင်း၊ စလိုက်ရှိုးပုံစံဖြင့် သရုပ်ဖော်တင်ပြ ရှင်းလင်းချက်များ ပြုလုပ်ခြင်း၊ ကွန်ပြုတာဖြင့်ပန်းချီဆွဲခြင်း၊ ကွန်ပြူတာဖြင့် ဗွီစီဒီ၊ ဒီဗွီဒီ၊ သီချင်းနားထောင်ခြင်း၊ MP3, MP4 Format များ ပြောင်းခြင်း၊ အင်တာနက် အသုံးပြုနည်း ချိတ်ဆက်နည်းများကို သင်ယူရပါမည်။

သင်တန်းကြေး − 10,000 MMK

သင်တန်းကာလ − Lifetime

Download - Videos, e-Books, Lessons, Exercises



စာစီစာရိုက်ဆိုင်၊ မိတ္တူဆိုင် များအတွက် Desktop Publishing Course (DTP) ကို လေ့လာရပါမည်။ Adobe PageMaker 7.0, Adobe InDesign တို့ကို အဓိကထား လေ့လာရပါမည်။ Layout ပိုင်းဟာ DTP ရဲ့ အဓီက အစိတ်အပိုင်း ဖြစ်ပါတယ်။ ဖိတ်စာကဒ်၊ လိပ်စာကဒ်၊ ဘောက်ချာ၊ မွေးနေ့ကဒ်များပြုလုပ်ခြင်း စတာတွေကို စာတွေ့ လက်တွေ့ သင်ယူရပါမည်။

သင်တန်းကြေး − 10,000 MMK

သင်တန်းကာလ − Lifetime

Download - Videos, e-Books, DTP Lessons, Exercise, Sample Design

Graphic Desing Course ဟာ IT သမားတစ်ယောက်အတွက် မဖြစ်မနေ သင်ယူရမည့် ဘာသာရပ်တစ်ခုဖြစ်ပါတယ်။ နေရာတိုင်းမှာ Design ဆိုတာ လိုအပ်ပါတယ်။ စာစီစာရိုက်၊ စာအုပ်၊ မဂ္ဂဇင်း၊ ဂျာနယ်၊ Programming၊ Web Development၊ Media စသဖြင့် Design နဲ့ ကင်းတဲ့နေရာ မရှိပါဘူး။ Design Theory, Color Theory ကနေ စတင်သင်ယူရမှာ ဖြစ်ပြီ အဓိကအားဖြင့် Adobe Photoshop ကို သင်ယူရပါမည်။ Design နဲ့ ဆက်စပ်နေတဲ့ Corel Draw, InDesign, Illustrator တို့ကိုလည်း သင်ယူရပါမည်။

သင်တန်းကြေး − 20,000 MMK

သင်တန်းကာလ − Lifetime

Download - Videos, e-Books, Graphic Design

 ရုပ်သံ မီဒီယာလုပ်ငန်းဟာ လူငယ်တွေအတွက် ဘဝအာမခံချက်ရှိတဲ့ ပရိုဖက်ရှင်နယ် ဘဝ အသက်မွေးဝမ်းကျောင်း ပညာရပ်တစ်ခု ဖြစ်ပါတယ်။ Computer တစ်လုံးနဲ့ Camera တစ်လုံး ရှိရင်ပဲ ဝန်ထမ်းလုပ်စရာ မလိုတော့ဘဲ ဝါသနာပါရာ ကိုယ်ပိုင်လုပ်ငန်းကို လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။ Editing အတွက် အဓိကထား လေ့လာရမည့် Software ကတော့ Adobe Premire ဖြစ်ပါတယ်။ တခြား တွဲဖက် သင်ယူရမည့် Editing Software တွေကတော့ Cyberlink PowerDirector, Adobe Premiere, Adobe After Effect, Edius, Procoder, TMPEG Encoder, Ulead Movie Factory စတာတွေ ဖြစ်ပါတယ်။

သင်တန်းကြေး − 20,000 MMK

သင်တန်းကာလ − Lifetime

Download - Videos, e-Books, Plugins Software

ကွန်ပျူတာကို စိတ်ဝင်စားတဲ့ လူငယ်တွေအနေနဲ့ အရေးတကြီး သင်ယူရမည့် အကြောင်းအရာကတော့ ကိုယ့် ကွန်ပျူတာကို ကိုယ်တိုင် ပြင်တတ်ဖို့ပါပဲ။ အနည်းဆုံးတော့ Window ကို ဖြောင့်အောင် တင်တက်ရပါမည်။ သို့မှသာ ကျန်တာတွေကို ရဲရဲကြီး စမ်းသပ်ရဲမှာ ဖြစ်ပါတယ်။ အချိန်ရရင်တော့ A+ System Course ကို သေသေချာချာ သင်ယူထားသင့်ပါတယ်။ ဒီ Course မှာ A+ သင်ခန်းစာတွေကို အခြေခံကနေ အဆင့်မြင့်ထိ Step By Step သင်ကြားပို့ချထားပါတယ်။ တခြား သင်ယူရမှာတွေကတော့ Software Installation Guide, MS XP Install, MS Vista Install, Window 7 Install, Window 8 Install, Window 10 Install, Hardware Install & Theory, Data Recovery, Advanced A+ စတာတွေ ဖြစ်ပါတယ်။

သင်တန်းကြေး − 20,000 MMK

သင်တန်းကာလ − Lifetime

Download - Videos, e-Books, A+ System Tools

Networking Course ကို အပြည့်အစုံပြောရမယ်ဆိုရင် Microsoft Window OS Networking လို့ ပြောရမှာပါ။ ဆိုလိုတာက Networking ချိတ်ဆက်မှု အများစုကို Window OS အထူးသဖြင့် Windows Server 2003/2008/2012 ပေါ်ကနေ သင်ကြား ပို့ချပေးထားတာ ဖြစ်ပါတယ်။ သင်ယူရမည့် ဘာသာရပ်တွေက Networking Basic, , Network Model, Cabling & Topology, Ethernet Basics, Modern Ethernet, Installing a Physical Network, TCP/IP Basic, Routing, Network Naming, IPv6, Remote Connectivity, Network Management, IP Address & Subnetting, Net Game Connect, Net Station စတာတွေ ဖြစ်ပါတယ်။

သင်တန်းကြေး − 20,000 MMK

သင်တန်းကာလ − Lifetime

Download - Videos, e-Books, Networking Tools

CT302 Wireless Networking Course မှာ Wireless Network အကြောင်း အခြေခံကနေ လေ့လာသင်ယူရမည်ဖြစ်ပြီး Wireless Standard, Wireless Infrastructure, Wireless Network Mode, Radio Frequency, Antenna, Wireless Access Point, Wireless Network Security, Bluetooth, Router Configuration, Error Control, Bandwidth & Delay, Wireless Transmission, အဝေးတစ်နေရာမှ CCTV DVR, Computer, Server စတာတွေကို လှမ်းယူကြည့်ရှု Access လုပ်နိုင်တဲ့ Outdoor CPE ချိတ်ဆက်နည်း, Wireless Hacking စတဲ့ အကြောင်းအရာတွေကို မြန်မာလို သင်ကြားပို့ချထားသော ဗွီဒီယိုဖိုင်များ၊ E-Books များဖြင့် သင်ယူရပါမည်။

သင်တန်းကြေး − 20,000 MMK

သင်တန်းကာလ − Lifetime


Web Development ဘာသာရပ် သင်ခန်းစာတွေကို အိုင်တီနည်းပညာ စိတ်ဝင်စားတဲ့ လူငယ်တိုင်း သင်ကြားတတ်မြောက် ထားသင့်တဲ့ Subject ဖြစ်ပါတယ်။ အလုပ်အကိုင်အခွင့်အလမ်း ပေါများတဲ့အပြင် အနာဂတ်အတွက်လည်း အလားအလာကောင်း တွေကို ပိုင်ဆိုင်ထားပါတယ်။ Web Development အခြေခံဘာသာရပ်တွေဖြစ်တဲ့ HTML, CSS တို့ကို စတင် သင်ယူရမှာ ဖြစ်ပြီး Ready Made CMS တွေဖြစ်တဲ့ Blogger, Wordpress, Joomla, Drupal တို့ကိုလည်း ဒီ Course မှာ သင်ယူရပါမည်။ IDE အဖြစ် Notepad++, Adobe Dreamweaver, Sub Lime Text 3 တို့ကို အသုံးပြ သင်ကြားပို့ချပေးသွားပါမည်။

သင်တန်းကြေး − 20,000 MMK

သင်တန်းကာလ − Lifetime

Download - Videos, e-Books, Web Development Tools, Lessons, Exercise, Source Code, Plugins

Programming Language တွေထဲမှာ Java ဟာ အလားအလာ အကောင်းဆုံး ဘာသာရပ် ဖြစ်တဲ့အတွက် နည်းပညာကို စိတ်ဝင်စားတဲ့ လူငယ်တိုင်း ရွေးချယ်သင်ကြားသင့်တဲ့ Subject ဖြစ်လို့ နေပါပြီ။ Desktop App တွေ အတွက်ရော Mobile App တွေ အတွက်ရော Internet Based Web App တွေ အတွက်ရော အဓိကျတဲ့ Programming Language တစ်ခု ဖြစ်နေပါတယ်။ ဒီ Course မှာ Java Programming Language ကို အခြေခံကနေ စတင် သင်ယူရမှာ ဖြစ်ပြီး Variable & Data Type, Operator, Flow Control, Looping, Array, String, Java GUI, Database, Sample POS, Exception Handling, OOP Concept စတာတွေကို Step By Step သင်ယူလေ့လာရပါမည်။

သင်တန်းကြေး − 20,000 MMK

သင်တန်းကာလ − Lifetime

Download - Videos, e-Books, Lessons, Exercise, Sample Program, Source Code

Engineering Drawing ပုံဆွဲ ဝါသနာပါသူတိုင်း၊ BE, ME နည်းပညာ ကျောင်းသား/သူတိုင်း သင်ယူထားရမည့် AutoCAD 2D & 3D ဘာသာရပ်ဖြစ်ပါတယ်။ အပြင်ကျောင်းဆင်းများလည်း ဝါသနာပါရင် သင်ယူလေ့လာနိုင်ကြပါတယ်။ ခေတ်မှီ ဖွံ့ဖြိုးတိုးတတ်တဲ့ နိုင်ငံတစ်ခု တည်ဆောက်ဖို့ မြို့ပြ တည်ဆောက်ရေး၊ ခေတ်မှီ စက်ယန္တယားများ တည်ဆောက်ရေး လုပ်ငန်းတွေ ဟာ အဓိက အလေးထား ဆောင်ရွက်ရမည့် လုပ်ငန်းများ ဖြစ်ပါတယ်။ အပြင်မှာ လက်တွေ့ ဆောက်မည့် အဆောက်အဦကို ကွန်ပျူတာထဲမှာ ကြိုတင် ရေးဆွဲထားခြင်းအားဖြင့် ကုန်ကျစရိတ်၊ ဒီဇိုင်း အပြင်အဆင်၊ ပတ်ဝန်းကျင် Environment၊ နောင် ဆက်လက်တည်ဆောက်မည့် Future Plan Framework များကို အလွယ်တကူ သိမြင်စေနိုင်ပါတယ်။

သင်တန်းကြေး − 20,000 MMK

သင်တန်းကာလ − Lifetime

Download - Videos, e-Books, Drawing

Home Network, Office Network တွေမှာ အိမ်သုံး ရုံးသုံး အင်တာနက်တွေကို Internet Gateway Server ထိုင်ပြီး အသုံးပြုလိုသူများအတွက် တက်ရောက်သင့်သည့် Myanmar Online Course ဖြစ်ပါတယ်။ လေ့လာ သင်ယူရမည့် ဘာသာရပ်တွေကတော့ ICS, NAT, Squid, WinRoute, IPCop, Smooth Wall, Pfsense, ISA Server တို့ ဖြစ်ပါတယ်။ အခု Course ကို ပြန်လည် သင်ကြားလိုသူများအတွက် Power Point Slide များ၊ Syllabus E-Book စာအုပ်များ၊ Video Training များကိုလည်း Download ဆွဲခွင့် ပြုထားပါတယ်။


သင်တန်းကြေး − 10,000 MMK

သင်တန်းကာလ − Lifetime

Download - Videos, e-Books, Lessons, Exercises

Microsoft Company ထုတ် Server Operating System တစ်ခုဖြစ်တဲ့ Window Server 2016 ပေါ်ကနေ Install လုပ်ပြီး အသုံ:ပြုမည့် Web Server, အင်တာနက်စနစ်တွေကို ဖြန့်ဝေပေးမည့် Internet Gateway တွေဖြစ်တဲ့ ICS (Internet Connection Sharing), NAT (Network Address Translation), Squid, ISA Server, WinRoute, DHCP Server, DNS Server, Active Directory, Net Game Service, File Server, VPN Server, WDS (Window Development Service), Server Security စတဲ့ သင်ခန်းစာတွေကို လေ့လာသင်ယူရပါမည်။

Microsoft Company ထုတ် Server Operating System တစ်ခုဖြစ်တဲ့ Window Server 2012 ပေါ်ကနေ Install လုပ်ပြီး အသုံ:ပြုမည့် Web Server, အင်တာနက်စနစ်တွေကို ဖြန့်ဝေပေးမည့် Internet Gateway တွေဖြစ်တဲ့ ICS (Internet Connection Sharing), NAT (Network Address Translation), Squid, ISA Server, WinRoute, DHCP Server, DNS Server, Active Directory, Net Game Service, File Server, VPN Server, WDS (Window Development Service), Server Security စတဲ့ သင်ခန်းစာတွေကို လေ့လာသင်ယူရပါမည်။

Microsoft Company ထုတ် Server Operating System တစ်ခုဖြစ်တဲ့ Window Server 2008 ပေါ်ကနေ Install လုပ်ပြီး အသုံ:ပြုမည့် Web Server, အင်တာနက်စနစ်တွေကို ဖြန့်ဝေပေးမည့် Internet Gateway တွေဖြစ်တဲ့ ICS (Internet Connection Sharing), NAT (Network Address Translation), Squid, ISA Server, WinRoute, DHCP Server, DNS Server, Active Directory, Net Game Service, File Server, VPN Server, WDS (Window Development Service), Server Security စတဲ့ သင်ခန်းစာတွေကို လေ့လာသင်ယူရပါမည်။

Microsoft Company ထုတ် Server Operating System တစ်ခုဖြစ်တဲ့ Window Server 2003 ပေါ်ကနေ Install လုပ်ပြီး အသုံ:ပြုမည့် Web Server, အင်တာနက်စနစ်တွေကို ဖြန့်ဝေပေးမည့် Internet Gateway တွေဖြစ်တဲ့ ICS (Internet Connection Sharing), NAT (Network Address Translation), Squid, ISA Server, WinRoute, DHCP Server, DNS Server, Active Directory, Net Game Service, File Server, VPN Server, RIS (Remote Installation Service), Server Security စတဲ့ သင်ခန်းစာတွေကို လေ့လာသင်ယူရပါမည်။

Java Programming Language နဲ့ အပြိုင် ပေါ်ထွက်လာတကတော့ Microsoft Visual C# .NET ဖြစ်ပါတယ်။ Java ကို တုပပြီး ပေါ်လာတာဖြစ်တဲ့အတွက် Java နဲ့ တော်တော် ဆင်တူပါတယ်။ Desktop Application တွေမှာ VB.NET နဲ့ အပြိုင် အသုံးများတဲ့ Language ဖြစ်ပါတယ်။ Java သင်ယူထားပြီးသူများအတွက် C# ကို ထပ်မံ သင်ယူမယ်ဆိုရင် အင်မတန် လွယ်ကူတာကို မြင်တွေ့ရပါမယ်။ OOP ချင်းလည်း တူ၊ ရေးသားပုံ Syntax ကလည်း နည်းနည်းပဲ ကွာခြား ၊ Build In ထောက်ပံ့ပေးထားတဲ့ Library Framework တွေကလည်း အပြိင်အဆိုင် ဆိုတော့ ကိုယ့်ဘက်က ဝီရိယစိုက်လေ့လာလိုက်မယ် ဆိုရင် အချိန်အနည်းငယ်အတွင်း သင်ယူ တတ်မြောက်ပါလိမ့်မယ်။


Windows OS ပေါ်မှာ အသုံးပြုမည့် Desktop Application တွေကို ရေးသားဖန်တီးရာတွင် VB.NET Programming Language ကို အသုံးပြုကြပါတယ်။ နာမည် အကြီးဆုံး App အမျိုးအစားကတော့ စီးပွားရေး အရောင်းလုပ်ငန်းသုံး POS Software ပဲ ဖြစ်ပါတယ်။ VB.NET Programming ဟာ GUI Based Event Driven အမျိုးအစား ဖြစ်တဲ့အတွက် သင်ယူ အသုံးပြုရတာ လွယ်ကူပါတယ်။ Microsoft ကိုယ်တိုင်ကလည်း Visual Studio ဆိုတဲ့ IDE ကို Feature ပြည့်ပြည့်စုံစုံနဲ့ ထုတ်လုပ်ပေးထားတာကြောင့် လုပ်ငန်းတော်တော်များများကို အချိန်ကုန်သက်သာစွာ ဆောင်ရွက်နိုင်ပါတယ်။ ဒီ Course မှာ VB.NET Programming Language ကို အခြေခံကနေ စတင်ပြီး လေ့လာသင်ယူရပါမည်။


Mobile Phone Repairing Course မှာ Phone Software ပိုင်းနှင့် Hardware ပိုင်းဆိုပြီး နှစ်ပိုင်းခွဲပြီး သင်ယူရပါမည်။ Phone Software ပိုင်းမှာ Frimware တင်ခြင်း၊ Recovery ဖိုင်တင်ခြင်း၊ Root ဖောက်ခြင်း၊ မြန်မာစာဖောင့်ထည့်ခြင်း၊ မြန်မာစာ ကီးဘုတ် ထည့်ခြင်း၊ App များ၊ Game များ ထည့်သွင်းခြင်း၊ Facebook Account, Google Account စတဲ့ Online Account များ ထည့်သွင်းခြင်းများကို သင်ယူရပါမည်။ Phone Hardware ပိုင်းတွင် ဖုန်းတစ်လုံးတွင် ပါဝင်သော Component များနဲ့ သူတို့ ရဲ့ လုပ်ငန်းဆောင်ရွက်ပုံ၊ Error, Replacement, Jumper, Basic Electronic များကို သင်ယူရပါမည်။


Hacker မှာ အခြေခံအားဖြင့် (၄) မျိုး ရှိပါတယ်။ White Hacker, Black Hacker, Gray Hacker, Script Kiddies တို့ ဖြစ်ပါတယ်။ မသမာတဲ့ Black Hacking တွေရဲ့ ရန်ကနေ ကာကွယ်ဖို့ Security အကြောင်းကို လေ့လာထားရပါမည်။ Hacking တွေ သုံးတဲ့ Tool တွေကို အသုံးပြုတက်ရပါမည်။ ဒီ သင်တန်းအတွက် CEH version 8 ကို အဓိကထား သင်ကြားပို့ချသွားမှာ ဖြစ်ပါတယ်။ Computer Virus ရေးသားပုံ၊ Virus ရန်ကနေ ကာကွယ်ပုံ၊ Attack ခံရတဲ့ System ကို အမြန်ဆုံး Recovery လုပ်ပုံ၊ Security Update ပြုလုပ်ပုံတို့ကို သင်ယူရပါမည်။


ကွန်ပျူတာ အိုင်တီ နည်းပညာ ထွန်းကားလာတာနဲ့အမျှ Security လုံခြုံရေး ပြဿနာကလည်း အဓိက ရင်ဆိုင် ဖြေရှင်းရမည့် မဟာဗျူဟာ လုပ်ငန်းစဥ် ဖြစ်လာပါတယ်။ မိမိလုပ်ငန်းရဲ့ ကုမ္ပဏီ Network ကို အင်တာနက်ပေါ်က Hacker တွေ အလွယ်တကူ ဝင်ရောက်ထိုးဖောက်တာကနေ ကာကွယ်ဖို့ Network Security ကို လေ့လာရပါမည်။ Network အတွင်းမှာ အဓိက Service တွေ ထောက်ပံ့ပေးနေတဲ့ Server တွေရဲ့ လုံခြုံရေး ပြဿနာကလည်း နံပါတ် (၁) ထည့်သွင်းတွက်ချက်ရမည့် အချက်ဖြစ်ပါတယ်။ ဒီ Course မှာ Network တွေနဲ့ Server တွေရဲ့ လုံခြုံရေးပိုင်းကို အဓိကထား လေ့လာသင်ယူကြပါမည်။


Microsoft Windows OS ပေါ်ကနေ အသုံ:ပြုတဲ့ ရိုးရိုး Networking အကြောင်းကို လေ့လာပြီးရင် CCNA Networking ကို လေ့လာသင်ယူရပါမည်။ Networking မှာ လူသုံးအများဆုံး Platform ဖြစ်တာနဲ့အညီ CCNA Device တွေကလည်း ကုမ္ပဏီတိုင်းရဲ့ Networking ပိုင်းတွေမှာ အဓိကနေရာ ယူနေကြပါပြီ။ နိုင်ငံတကာ အသိအမှတ်ပြု CCNA Certificate တွေကလည်း Networking သမားတိုင်း တန်ဖိုးထား ရယူ ဖြေဆိုနေကြပါပြီ။ ဒီ Course မှာ CCNA Networing ကို အခြေခံကနေ စတင် သင်ယူရပါမည်။


ပြောင်းလဲတိုးတက်လာတဲ့ နည်းပညာခေတ်ထဲမှာ စီးပွားရေးလုပ်ငန်းတိုင်ဟာလည်း သူတို့ရဲ့ ကုန်ပစ္စည်း ငွေစာရင်းတွေကို ကွန်ပျူတာ ဆော့ဝဲနဲ့ ပြောင်းလဲအသုံးပြုနေကြပါပြီ။ ဝန်ထမ်းတွေ အနေနဲ့လည်း ယခင် လက်ရိုး စာရင်းကိုင် ကနေ Computerized Accounting ကို လေ့လာသင်ယူပြီး လုပ်ငန်းခွင် ဝင်နေကြပါပြီ။ ခေတ်နဲ့အညီ စီးပွားရေးလောကကို အမှီလိုက်နိုင်ဖို့ဆိုရင် Computerized Accounting ဘာသာရပ်ကို မဖြစ်မနေ သင်ယူလေ့လာထားရပါမည်။ အဓိကသင်ယူရမည့် ဘာသာရပ်တွေက Excel For Accounting, MYOB, Peachtree, Barcode System, POS တို့ ဖြစ်ပါတယ်။


ကွန်ပျူတာစာရင်းကိုင် Software ထဲမှာ အသုံးအများဆုံး အအောင်မြင်ဆုံးဖြစ်တဲ့ Peachtree Accounting ကို အခြေခံကနေ အဆင့်မြင့်ထိ လေ့လာသင်ယူရပါမည်။ စာရင်းကိုင်ရဲ့ အဓိက အကြောင်းအရာတွေဖြစ်တဲ့ Cash Control, Inventory, Invoice, Purchase, Purchase Return, Sale, Sale Return, Receivable, Payable, Balance Sheet, Trial Balance, Accounting Theory, Report စသည့် ဘာသာရပ် အကြောင်းအရာတို့ကို လေ့လာသင်ယူရပါမည်။


သင်တန်းကြေး − 10,000 MMK

သင်တန်းကာလ − Lifetime

Download - Videos, e-Books, Lessons, Exercises

Networking ကို အခြေခံအားဖြင့် အပိုင်း (၃) ပိုင်းခွဲပြီ: လေ့လာသင်ယူခဲ့ရပါတယ်။ Window Networking, CCNA Networking, Linux Networkg ဆိုပြီး ဖြစ်ပါတယ်။ အဆင့်မြင့် Server တွေနဲ့ အင်တာနက်ပေါ်က Web Server အများစု ဟာ Linux OS ပေါ်မှာ အခြေခံပါတယ်။ ဒါကြောင့် Networking ကို စိတ်ဝင်စားသူတိုင်း Linux Network အကြောင်းကို လေ့လာသင်ယူ ရပါမည်။ အခု Linux Networking Course မှာ RedHat, Fedora, Ubuntu, IPCop, Smoothwall, Pfsense, Squid Server စတဲ့ Linux OS တွေအကြောင်းကို လေ့လာသင်ယူရပါမည်။


အခု ဘာသာရပ်မှာ C++ ရဲ့ Program များ ရေးသားနည်း၊ Compile လုပ်နည်းများကို လေ့လာရပါမည်။ C++ Programming ရဲ့ အခြေခံ အကြောင်းအရာများဖြစ်တဲ့ Variables, Loops, Expressions, Function, String Class စတာတွေကနေ Step By Step တစ်ဆင့်ချင်း တစ်ဆင့် သင်ယူရပါမည်။ အခြေခံတွေ ပြီးရင်တော့ နောက်တစ်ဆင့် အနေနဲ့ Object-Oriented Programming Concept တွေဖြစ်တဲ့ Classes, Objects, Inheritance, Exceptions, File Manipulation စတာတွေ သင်ယူရပါမည်။ ဒါ့အပြင် C++ ရဲ့ Advanced Concept တွေဖြစ်တဲ့ Class Template, Namespaces, Exception Handling, Perprocessor Directive, Linked List နဲ့ Binary Tree ကဲ့သို့သော Data Structure သင်ခန်းစာများကိုပါ သင်ယူလေ့လာရပါမည်။


လေ့လာသင်ယူချိန်    = 115 Hours

သင်တန်းကြေး      = 20,000 MMK

Content                 = Myanmar Video, E-Books PDF, PowerPoint PDF, Software, Lesson File, Coding

Software Engineering ကို Body Knowledge အနေနဲ့ လေ့လာပြီး SDLC လို့ခေါ်တဲ့ Software Development Life Cycle ရဲ့ နည်းလမ်း ဥပဒေသတွေကိုလည်း အဓိက သင်ကြားပို့ချ ဆွေးနွေးသွားပါမည်။ ပထမဆုံး Introduction အခန်းမှာ Software Engineering ရဲ့ Main Methoddologies တွေကို လေ့လာရပါမည်။ Software Development Life Cycle(SDLC) ကို Object Oriented Program (OOP) Language တွေရဲ့ Standard General Purpose သက်မှတ်ထားတဲ့ Unified Modeling Language(UML) သင်ခန်းစာများနဲ့ လေ့လာသင်ယူရပါမည်။ SDLC ရဲ့ အဓိက အပိုင်းကြီး (၅) ခုဖြစ်တဲ့ requirements gathering, requirements analysis, design, coding/implementation နဲ့ testing တို့ကို လေ့လာရပါမည်။ ဒါ့အပြင် Customer လိုအပ်ချက်နဲ့ ကိုက်ညီပြီး သင့်တင့်တဲ့ Budget အတွင်းကနေပဲ အရည်အသွေးမြင့် High-quality Software တွေကို Deliver လုပ်နိုင်ဖို့အတွက် Project Management သင်ခန်းစာကိုလည်း လေ့လာသင်ယူရပါမည်။

Introduction to Mobile Application Development, Infrastructure, HTML/CSS/DOM and Scripting, JQuery and Structured Data, Scripting with Server Access, Designing Mobile User Interfaces, Mobile Application Evaluation and Mobile Browsers, Mobile Platforms, Storage and Geolocation, Android Development, iPhone/iPad Development

Advanced SQL, Stored Procedures and Triggers,  Query Optimization, Concurrency and Recovery, Database System Architectures,  Data Warehousing, Object-Oriented and Object-Relational Databases, XML and Database

Introduction to Cryptography, Classical Cryptography, Block Ciphers, Hash Functions, RSA Cryptosystem and Factoring Integers, Elliptic Curve Cryptography, Digital Signature and Entity Authentication

Intelligent Agents and Problems of AI, Solving Problems by Searching, Logical Agents and Knowledge Representation, Learning, Philosophical Foundations of AI

Introduction to Artificial Intelligence (AI) and AI Programming, Search, Constraint Satisfaction, Game Playing, Logic, Machine Learning, Natural Language Understanding, Robotics

Computer Security Concepts, Basic Cryptographic Concepts, Public-Key Encryption, Access Control Mechanisms,  Security Solutions, Firewalls, Intrusion Detection, and Intrusion Prevention, Physical Security, Malicious Software and Software Security, Security Risk Management

Introduction to Programming Languages, Types, Functional Programming, Imperative Programming, Object-Oriented Programming, Scripting Languages, Logical Programming

Introduction to Modern Database Systems, Database Architecture and Date Languages, Database History, Entity Relationship Model, Relational Database Model, Relational Algebra, Data Normalization, Introduction to SQL, Basic Select Statements, The Join Statement

Networking Fundamentals, Networking Fundamentals: Protocols, The Application Layer, The Transport Layer (TCP/UDP),  Network Layer, Link Layer, Multimedia, Security, and Cloud Computation over the Internet

Logic of Compound Statements, Logic of Quantified Statements, Introduction to Number Theory and Proof Methods, Mathematical Induction and Introduction to Sequences, Set Theory, Introduction to Counting and Probability, Recursion, Graphs and Trees, Regular Expressions and Finite-State Automata

Introduction to Operating Systems, Processes and Threads, Synchronization, CPU Scheduling, Deadlock, Memory Management, File System, Security,  Networking

Introduction to Compilers, Formal Languages and Formal Grammar, Finite State Machines,  Scanning and Lexical Analysis, Parsing and Syntax Analysis, Syntax Directed Translation and Semantic Analysis, Runtime Environment, Code Generation, Code Optimization, Compiler Verification and Validation, Compiler Summary and Next Steps

Introduction to Algorithms, Introduction to Analysis of Algorithms, Divide and Conquer Method, Sorting Algorithms, Dynamic Programming, Graph Theory and Graph Algorithms, Greedy Algorithms, NP-Completeness

ကွန်ပျူတာနည်းပညာကို လေ့လာသင်ယူတဲ့အခါမှာ Hardware နဲ့ Software တွေ ဘယ်လို တွဲဖက် အလုပ်လုပ်ဆောင်သလဲဆိုတာ သိဖို့ Computer Architecture ဘာသာရပ်ကို လေ့လာသင်ယူရပါမည်။ လေ့လာရမည့် သင်ခန်းစာတွေက instruction sets, processor arithmetic and control, the Von Neumann architecture, pipelining, memory management, storage, and other input/output, Fundamentals of Digital Logic Design, Computer Arithmetic, Memory Hierarchy, Parallel Processing, Look Back and Look Ahead စတဲ့ သင်ခန်းစာတွေ ဖြစ်ပါတယ်။

Data တွေကို ဘယ်လိုပုံစံနဲ့ သိမ်းမလဲဆိုတာကို သိဖို့ Data Structure ဘာသာရပ်ကို လေ့လာသင်ယူရပါမည်။ သင်ယူရမည့် အကြောင်းအရာတွေက Abstract Data Types and Arrays, Data Structure ရဲ့ အခြေခံ အကြောင်းအရာ နှစ်ခုဖြစ်တဲ့ Stacks and Queues, Variable တွေ ကြေငြာပြီး Memory ပေါ်မှာ ဘယ်လို နေရာယူ အလုပ်လုပ်သလဲဆိုတာ သိဖို့ Pointers and References , Runtime မှာ အသုံ:ပြုမည့် Memory ကို Request လုပ်ဖို့  Dynamic Memory Allocation အကြောင်း,  Data Structure ရဲ့ Type အသစ် (၃) ခုဖြစ်တဲ့ Linked Stacks, Queues, and Lists သင်ခန်းစာများ, Data Structure ကို Design ချတဲ့အခါ မသိမဖြစ် သိရမည့် Algorithm Efficiency,  Searching and Sorting Algorithms, Array Index တွေ အသုံးပြုတဲ့အခါ ဖြေရှင်းရမည့် Hash Tables, Graphs, and Trees စတဲ့ Data Structure နဲ့ ပတ်သက်ပြီး မသိမဖြစ်သိရမည့် ဘာသာရပ်များကို အခု Elementary Data Structure Course မှာ သင်ယူလေ့လာရပါမည်။